ဘားအံမြို့၌ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာဖတ်ဝိုင်းပြုလုပ်

 

 

ဘားအံ စက်တင်ဘာ ၁၃

           

ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များစုပေါင်း၍ ယခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ကျရောက်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာဖတ်ဝိုင်းကို ဘားအံခရိုင် (Community Centre )ခန်းမတွင်  ယနေ့ နံနက်(၁၀:၀၀)နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

           

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်စိုးစိုးအေးက မိမိတို့ ဝန်ထမ်းများအနေဖြင့် ပြည်သူကိုအသိပညာပေးလုပ်ငန်းများ  ဝန်ဆောင်မှုပေးနေသည့် ဝန်ထမ်းများ ဖြစ်သည့်အတွက် စာပေကို အမြဲမပြတ်ဖတ်ရှုလေ့လာရန် လိုအပ်ပါကြောင်း ၊ ပြင်ပဗဟုသုတများနှင့် ပြည့်စုံရန် လိုအပ်ပါကြောင်းစသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။

 

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်မှ ဒုတိယဦးစီးမှူး ဒေါ်ခက်ခက်လွင်က ယခုနှစ် စတင်ဘာလ ၈ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာပါ ဆောင်းပါးရှင် မောင်သောင်းဝင်း (တမန်ဟောင်း)ရေးသားသည့်“တားဆီး၊ ကယ်တင် ၊ ကူညီရေး လူကုန်ကူး ခံရသူအသံ နားထောင်ပေး” ခေါင်းစဉ်ဖြင့် ရေးသားထားသည့်  လူကုန်ကူးမှုဆိုသည်မှာ ၊ လူကုန်ကူးခံရ သည့် အကြောင်းတရာများ ၊ လူကုန်ကူးခံရသူများ ၊ တာဆီး ကယ်တင် ကူညီရေး လူကုန်ကူးခံရသူအသံ နားထောင်ပေး စသည့် အကြောင်းအရာများကို ဖတ်ရှုဆွေးနွေးခဲ့ရာ စာဖတ်ဝိုင်းတက်ရောက်လာသည့် ဝန်ထမ်းများမှ အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

ခရိုင်(ပြန်/ဆက်)