မိုင်းဆတ်မြို့၌ ပြည်နယ်ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ(၅)ရွာ စိမ့်စမ်းရေသွယ်တန်းခြင်း လုပ်ငန်း(၁၀၀) ရာခိုင်နှုန်းပြီးစီး

 

မိုင်းဆတ် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများ သောက်သုံးရေရရှိမှု အဆင်ပြေစေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်နယ်ခွင့်ပြုရန်ပုံငွေ ကျပ်(၁၁၄)သန်းဖြင့် ကျေးရွာ(၅)ရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်း (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ကျေးရွာ(၅)ရွာ စိမ့်စမ်းရေသွယ်တန်းခြင်းလုပ်ငန်းအား ဇေယျာမိသားစုကုမ္ပဏီမှ ဆောင် ရွက်သည့် ခွင့်ပြုရန်ပုံ ငွေကျပ်(၃၆ ဒဿမ ၄၃)သန်းဖြင့် (၀/၅)မိုင် မြိုင်သာယာ ကျေးရွာနှင့် (၃/၀)မိုင် မိုင်းတု ကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း၊ လာဘ်ငွေမိုးဟိန်းကုမ္ပဏီမှ ဆောင်ရွက်သည့် ခွင့်ပြုရန်ပုံငွေကျပ်(၄၅ ဒဿမ ၄၆) သန်းဖြင့်(၁/၄)မိုင် မတ်လန်းကျေးရွာနှင့် (၃/၀)မိုင် ကျမွေကျေးရွာစိမ့်စမ်းရေသွယ်တန်းခြင်း၊ ရွှေရှမ်းဟန်ကုမ္ပဏီမှ ဆောင်ရွက်သည့် ခွင့်ပြုရန်ပုံငွေကျပ်(၃၂ ဒဿမ ၁၁)သန်းဖြင့် (၃/၄)မိုင် ဝမ်လုံ(၃) ကျေးရွာ စိမ့်စမ်းရေ သွယ်တန်းခြင်း လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ (၁၀၀)ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။

မြင့်မောင်(မိုင်းဆတ်)