လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဆွေးနွေး

မိုင်းယန်း စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနနှင့် မြို့နယ်ဉပဒေရုံးတို့ ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက လူကုန်ကူးမှုလျော့နည်းပပျောက်စေရေးနှင့် ထိရောက်စွာ ကြိုတင် ကာကွယ်နိုင်ရေးတို့အတွက် အခုလိုဆွေးနွေးပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ဉပဒေအရာရှိ ဦးစိုးမြင့်က လူကုန်ကူးမှုဆိုတာဘာလဲ လူကုန်ကူးမှုရဲ့ ဆိုလိုရင်း၊ လူကုန်ကူးမှုဖြစ်ပွားရခြင်း အကြောင်းတရားများ၊ လူကုန်ကူးမှုမှာ လူကုန်ကူးမှု ကျူးလွန်သူကို အရေးယူဆောင်ရွက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များအကြောင်း၊  လူမှောင်ခိုကုန်ကူးမှုနဲ့ လူကုန်ကူးမှု ကွာခြားပုံ၊ လူကုန်ကူးမှုအန္တရာယ် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ စသည့် ဆောင်ရန်၊ ရှောင်ရန်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလအတွင်း ပြည်သူများ အသိပညာဗဟိုသုတ တိုးပွားစေရန်အတွက် ဌာနဆိုင်ရာ များ၊ အသင်းအဖွဲ့များနှင့် ဖိတ်ခေါ်၍ ပြည်သူများ သိသင့်သိထိုက်တဲ့ အသိပညာပေး အစီအစဉ် များကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး