ပန်းဘဲတန်းမြို့နယ်တွင် စာရေးဆရာ ဖေမြင့်ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

 ပန်းဘဲတန်း ဇူလှိုင် ၂၄

ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားခရိုင်၊ ပန်းဘဲတန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာရေးဆရာ၊ ဆရာမများ (Book Club) အသင်း၊ စာပေဝါသနာပါသူများနှင့် စာရေးဆရာ ဖေမြင့် ရေးသားသော ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်းစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၂ ရက်နေ့ နေ့လယ် ၁၁ နာရီ၌ ကျောက်တံတားမြို့နယ် ပညာ့အလင်းစာကြည်တိုက်တွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ စာရေးဆရာ ဖေမြင့်၏ ဘဝတိုးတက်မှုအတွက် စာအုပ်အား စာဖတ်ခြင်းတို့ကြောင့် ဘာအကျိုးထူးတွေခံစားရရှိနိုင်သလဲနှင့် အပျင်းပြေသည်၊ အပန်းလည်းပြေသည်၊ စိတ်ဖိစီးမှုတွေ လျော့ပါးစေကာ အကျိုးထူးတွေ အများအပြားရှိတာကို သတိပြုရေးသားပြီး ဦးနှောက်စွမ်းရည်ထက်မြတ်ခြင်းတို့ကို ဦးစီးအရာရှိ ဒေါ်ခင်ဝင်းမူက ဖတ်ကြားသည်။

ထို့‌နောက် ကျောက်တံတားမြို့နယ် စာရေးဆရာမ ‌ညွှန့်ညွှန့်က စာဖတ်ခြင်းကြောင့် ဗဟုသုတကြွယ်သည့် ဉာဏ်အမျိုးမျိုးတိုးတက်ခြင်းကြောင့် ဝေဖန်ပိုင်းခြား စဉ်းစားသုံးသပ်ဖတ်ကြားသည်။ ဆက်လက်၍ ပန်းဘဲတန်းမြို့နယ် စာရေးဆရာမ ရင်ရင်မြင့်က ချင့်ချိန်တွက်ဆတတ်ကာ ပြောဆိုရေးသားမှု တိုးတက်စေမည်ဖြစ်သည်။ ဘဝတိုးတက်မှုအတွက် စာဖတ်ခြင်း စာအုပ်အား အပြန်အလှန်ဆွေးနွေးပြောကြားကာ အသီးသီးဖတ်ကြားကြပြီး စာပေဝါသနာပါသူ (Book Club) အသင်းမှ မြို့နယ်အလိုက် စာရေးဆရာ၊ ဆရာမများ (၂၀) ဦး တက်ရောက်ဆွေးနွေးကြကြောင်း သိရသည်။

ခင်ဝင်းမူ (ပန်းဘဲတန်း)