မြိုင်မြို့နယ်၊ သရက်ကန်တဲတိုက်ကျေးရွာတွင် စက်ရေတွင်းတူးဖော်ပေးနိုင်ရေးအတွက် မြေအောက်ရေတိုင်း တာမှုလုပ်ငန်း ဆောင်ရွက်

ပခုက္ကူ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊သရက်ကန်တဲတိုက်ကျေးရွာရှိ ကျေးလက်နေပြည်သူများ အတွက် စက်ရေတွင်းတူးဖော်ပေးနိုင်ရေးအတွက်  အမှန်တကယ်သန့်ရှင်းသောသောက်သုံးရေရရှိနိုင်မှု ရှိ/မရှိ သိရှိ နိုင်ရန် မြေအောက်ရေ တိုင်းတာမှုလုပ်ငန်းများကို ဇန်နဝါရီလ ၁၅ရက် နံနက် ၉နာရီက တာဝန်ရှိသူများ ကွင်းဆင်း ဆောင်ရွက်ကြသည်။

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁ -၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ နှမ်းဆီကန်ကျေးရွာအုပ်စု၊ သရက် ကန် တဲတိုက်ကျေးရွာ တွင် နွေရာသီကာလရေရှားပါးမှုမရှိဘဲ သန့်ရှင်းသောသောက်သုံးရေဖူလုံစွာ ရရှိသုံးစွဲနိုင်ရေး အတွက် စက်ရေတွင်းတူး ဖော်ပေး နိုင် မြေအောက်ရေတိုင်းတာမှုလုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ဦးတင့်ဝေ၊ ဦးစီးအရာရှိ ဦးသိန်းညွှန့်ဟန်(နည်းပညာ)၊ မြိုင်မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းနှင့်ဝန်ထမ်းများက ဇန်နဝါရီလ ၁၅ရက် နံနက် ၉နာရီက ကွင်းဆင်းဆောင်ရွက်ကြသည်။

အဆိုပါသရက်ကန်တဲတိုက်ကျေးရွာတွင် အိမ်ခြေ ၉၆အိမ်၊ လူဦးရေ ၅၄၆ဦးရှိပြီး ကျေးရွာရှိ မြေသားရေကန် နှစ်ကန်မှ ရေကိုသာ အဓိကအားထားအသုံးပြုကြရာ ယခုအခါ ရေနည်းပါးလာပြီး သောက်ရေ၊ ချိုးရေတို့အတွက် ဖူလုံစွာရရှိသုံးစွဲနိုင်မှု မရှိတော့ကြောင်း၊  ဦးစီးဌာနအနေဖြင့် ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်တွင် ခန့်မှန်းကုန်ကျငွေ ကျပ်သန်း၃၁ဒသမ၆၁ဖြင့် လေးလက်မ၊ အနက်ပေ ၈၀၀ရှိသည့် စက်ရေတွင်းတူးဖော်ပေးခြင်း၊ ရေစက်ရုံ၊ ရေစင်တည်ဆောက်ခြင်းလုပ်ငန်းများကို လျာထားဆောင်ရွက်နိုင်ရေးအတွက် မြေအောက်ရေတိုင်းတာမှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ကြခြင်းဖြစ်ကြောင်း ပခုက္ကူခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးတင့်ဝေက ပြောသည်။

ဆလိုင်းကိုကီး