မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း(မွန်ပြည်နယ်)မှ စာအုပ်များလှူဒါန်းပေး

မော်လမြိုင်     ဇန်နဝါရီ        ၁၅

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း (မွန်ပြည်နယ်)က ကိုဗစ်−၁၉ကာလအတွင်း ရပ်/ရွာပြည်သူများ  အသိပညာဗဟုသုတရရှိပြီး စိတ်ဓါတ်ခွန်အားများရရှိရန်၊  စာအုပ်စာပေများ ဖတ်မှတ်လေ့လာခြင်းဖြင့်နိုင်ငံကြီးသားပီသစေရန်ရည်ရွယ်၍ယနေ့မွန်းလွဲ၁နာရီကမော်လမြိုင်ခရိုင်ရုံး  လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ စာအုပ်လှူဒါန်းပွဲ ကျင်းပခဲ့ သည်။

စာအုပ်လှူဒါန်းပွဲအခမ်းအနားတွင်  ပြည်နယ်ဦးစီးမှူးဒေါ်မြင့်မြင့်ခိုင်ကအဖွင့်အမှာစကား ပြော ကြား ပေးပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း(မွန်ပြည်နယ်) ဉက္ကဌ  ဦးချိုချိုက စာအုပ်များ လှူဒါန်းရခြင်းရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြား၍  ရပ်ကွက်၊ကျေးရွာ  စာကြည့် တိုက်(၅)တိုက်တို့အား  တစ်တိုက်လျှင်   သုတ/ ရသစာအုပ်(၅၀)အုပ်ကို   ပေးအပ်လှူဒါန်းပေး ကြောင်း သိရသည်။

ယဉ်ယဉ်(ပြန်/ဆက်)