ကွမ်းလုံ၌ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ပေးအပ်ပွဲကျင်းပ

ကွမ်းလုံ    ဇန်နဝါရီ     ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီမှ ဒေသခံတောင်သူ (၅၃)ဦးအား လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ပေးအပ်ပွဲကို ယနေ့ နံနက်(၁၁)နာရီခွဲ အချိန်ခန့်က မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်မ၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး ဦးနေမျိုးစည်က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်ပြီး ကွမ်းလုံမြို့နယ် တုံကျက်ကျေးရွာအုပ်စု၊ စံပြကျေးရွာအုပ်စု၊ ကန်မိန်းကျေးရွာအုပ်စုနှင့် ဟိုလီကျေးရွာ အုပ်စုရှိ တောင်သူ(၅၃)ဦးကို ဦးပိုင်အမှတ်(၅၆)ခု၊ မြေဧရိယာ(၁၅၆.၃၅)ဧကအတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ-၇ များအား တာဝန်ရှိသူတို့ကပေးအပ်ရာ တောင်သူများက လက်ခံရရှိခဲ့ကြောင်း သိရသည်။

မိုင်းခိုင်ဇော်(ကွမ်းလုံ)