သတင်းများ

ရန်ကုန်တိုင်းဒေသကြီး ကိုဗစ်-၁၉ ကုသရေးဌာန၊ ဖောင်ကြီးစင်တာ၌ တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် မိုင်းပန်မြို့နယ်၊ ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ (၂)ဦးအား ကြိုဆိုဂုဏ်ပြု
Jan 12,2021
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကိုဗစ်-၁၉ ကုသရေးဌာန၊ ဖောင်ကြီးစင်တာ၌ (၁)လကျော်ကြာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာသည့် မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမ(၂)ဦးအား မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများနှင့် ဒေသခံပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်
Jan 12,2021
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်းအားဖြင့် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများကို ပြေလည်စေမည်ဖြစ်
Jan 12,2021
တောင်သူများအနေဖြင့် ကောက်စိုက်စက်ကို အသုံးပြုကာ စပါးစိုက်ပျိုးခြင်းအားဖြင့် လယ်ယာ လုပ်ငန်းခွင်တွင် လယ်ယာလုပ်သားရှားပါးလာမှု အခက်အခဲများ ပြေလည်စေမည်ဖြစ်ပြီး စပါးအထွက် နှုန်းများလည်း တိုးတက်လာစေမည်ဖြစ်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ်၊ စက်မှု လယ်ယာဦးစီးဌာနမှသိရသည်။
ညောင်တုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သင်တန်း ဖွင့်လှစ်ပို့ချ
Jan 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေ များအား သင်တန်းဖွင့်လှစ်ပို့ချ‌ဆွေးနွေးခြင်းကို ယ‌နေ့ နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်း ဖွင့်လှစ်ပို့ချ ပေးခဲ့ကြောင်းသိရသည်။
စဉ့်ကိုင်မြို့နယ်တွင် သောက်သုံးရေရရှိစေရေး ကွင်းဆင်းစစ်ဆေး
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဘယ်လင်းကျေးရွာအုပ်စုနှင့် တောင်ရင်းကျေးရွာအုပ်စုတို့အား သောက်သုံးရေ ရရှိစေရေး ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဌာနနှင့် စည်ပင် သာယာရေးအဖွဲ့ တာဝန်ရှိသူများပူးပေါင်း၍ ပုဂ္ဂလိကဘဏ်များတွင် ကျန်းမာရေး ညွှန်ကြားချက်များကို တိကျစွာလိုက်နာဆောင်ရွက်ရေး စစ်ဆေးပညာပေး
Jan 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းအောင်နှင့် မြို့နယ် ပြည်သူ့ကျန်းမာရေးဌာန၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများလိုက်ပါလျက်၊ ယနေ့နံနက်(၁၀)နာရီက မြို့ပေါ်ရှိ ပုဂ္ဂလိက ဘဏ်များတွင် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး၊ ကျန်းမာရေးညွှန်ကြားချက်များကို တိကျစွာလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခဲ့ကြကြောင်း သိရသည်။
ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ဘောင်ဘဲ့တန်းကျေးရွာသို့ သောက်သုံးရေလှူဒါန်း
Jan 12,2021
ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ဘောင်ဘဲ့တန်းကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီ အချိန်က သောက်သုံးရေ လှူဒါန်းခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) သို့ အလှူငွေများ လှူဒါန်း
Jan 12,2021
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) သည် မြို့နယ်အတွင်း ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်များ၊ ယာဉ်တိုက်မှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိပြီး အခြားသော လူမှုကူညီရေး အဖွဲ့များဖြစ်သည့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ မြို့နေ လူထုမှလည်း အားကိုးအားထားနေရသော လူမှုရေးအသင်းအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။