မိုးကုတ် ဇန်နဝါရီ ၁၂
မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မိုးကုတ်) သည် မြို့နယ်အတွင်း ကျရောက်လာသည့် သဘာဝဘေးအန္တရာယ်များ၊ ယာဉ်တိုက်မှုများ၊ ကျန်းမာရေး စောင့်ရှောက်မှုများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက်ရှိပြီး အခြားသော လူမှုကူညီရေး အဖွဲ့များဖြစ်သည့် မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ကာ မြို့နေ လူထုမှလည်း အားကိုးအားထားနေရသော လူမှုရေးအသင်းအဖွဲ့များထဲမှ တစ်ခုဖြစ်သည်။
အဆိုပါအဖွဲ့အနေဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အဖွဲ့ရံပုံငွေအဖြစ် ကိုဇော်သောင်း+မမေပွင့်သော် မိသားစုတို့မှ မွေးနေ့အလှူအဖြစ် ယနေ့ နံနက်ပိုင်းက ငွေကျပ် ငါးသိန်းအား လှူဒါန်းခဲ့ပြီး အလှူငွေအား အသင်းအဖွဲ့ဝင် တစ်ဦးမှ လက်ခံရယူကာ ၄င်းတို့ ရုံးတွင်လည်း မှတ်တမ်းတင်ထားရှိကြောင်း သိရသည်။
ကျော်ဇေယျာမြင့်