ညောင်တုန်းမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား သင်တန်း ဖွင့်လှစ်ပို့ချ

ညောင်တုန်း   ဇန်နဝါရီ  ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများအား သင်တန်း ဖွင့်လှစ်ပို့ချ‌ ဆွေးနွေးခြင်းကို ယ‌နေ့ နံနက် ၁၀ နာရီခွဲတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သင်တန်း ဖွင့်လှစ်ပို့ချ ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမိုးကျော်သူက ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအား ဥပဒေနှင့်အညီ ရွေးချယ်နိုင်ရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကူအညီ ပေးရေးအဖွဲ့များအား တတိယအကြိမ် ပြင်ဆင်ရေးဆွဲထားသည့် ရပ်/ကျေးအုပ်စု အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများကို သင်တန်းပို့ချ ဆွေးနွေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသူရိန်နှင့် တာဝန်ရှိသူများက ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များ၊ ရွေးချယ်ခြင်း လုပ်ငန်းစဉ်များအား Power Point ဖြင့် ရှင်းလင်းဆွေးနွေးသည်။

အဆိုပါ သင်တန်းကို အချိန်(၂)ချိန်ခွဲ၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ သင်တန်း ဖွင့်လှစ်ပို့ချဆွေးနွေးခဲ့ကြောင်း သိရသည်။

ဝဠာနိုင် (ညောင်တုန်း)