ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ဘောင်ဘဲ့တန်းကျေးရွာသို့ သောက်သုံးရေလှူဒါန်း

ရေစကြို ဇန်နဝါရီ ၁၂

ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ဘောင်ဘဲ့တန်းကျေးရွာသို့ ယနေ့ နံနက် ၁၀ နာရီ အချိန်က သောက်သုံးရေ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ ​ဘောင်ဘဲ့တန်းကျေးရွာရှိ အိမ် ထောင်စု ၃၈၅စု၊လူဦးရေ ၁၁၆၀ ဦးအတွက် သောက်သုံးရေ အဆင်​​ပြေစေရေး သောက်သုံးရေဂါလန် ၁၈၀၀ ဆံ့ ရေကား ၁ စီး လှူဒါန်းခဲ့ သည်။ အလားတူ ဆပ်သွားကျေးရွာသို့လည်း   ကံပွင့်ရေ အလှူတော်အဖွဲ့က သောက်သုံး ရေဂါလံ ၈၀၀ ဆံ့ ရေကား ၂ စီး အား ကျေးရွာသောက်သုံးရေလှောင်ကန်၌ ဖြည့်ဆည်း လှူဒါန်းခဲ့သည်။

ရေစကြိုမြို့ ကံပွင့်ရေအလှူတော်အဖွဲ့က ရေစကြိုမြို့နယ်အတွင်းရှိ  သောက်သုံးရေ လိုအပ် သော ကျေးရွာများကို ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်ထိ သောက်သုံးရေ ဂါလံ ၁၈၀၀ ဆံ့ ၁၄၈ ​ခေါက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

နွယ်နွယ်အောင် (ပြန်/ဆက်)