အလောင်းတော်ကဿပဘုရားအသွားလမ်းပေါ်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွား
Jan 12,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ အနောက်ဘက် (၇)မိုင်ခန့်အကွာ အလောင်းတော်ကဿပ ဘုရားဖူးလမ်း ထိုးထောင်ကွေ့အနီး ယနေ့ညနေ ၄ နာရီအချိန်ခန့်တွင် ဘုတလင်မြို့နယ် နတ်ရွာကျေးရွာနေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် (၁၆)ဦး လိုက်ပါလာသည့် SKAT အမျိုးအစား မော်တော်ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ကမ်းပါးနံရံတိုက်မိကာ ကွန်ကရစ်လမ်းပေါ်တွင် တိမ်းမှောက်ခဲ့သဖြင့် ယာဉ်မောင်းသေဆုံးပြီး ကျန်(၁၆)ဦးမှာ ဒဏ်ရာအသီးသီးရရှိခဲ့ကြောင်း သိရသည်။