သတင်းများ

ဘားအံ၌ ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကျင်းပ
Jan 13,2021
၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၁၃)ရက်၊ မြန်မာသက္ကရာဇ်(၁၃၈၂)ခုနှစ်၊ ပြာသိုလဆန်း(၁)ရက်နေ့တွင် ကျရောက်သည့် ကရင်သက္ကရာဇ်(၂၇၆၀)ပြည့်နှစ် ကရင်နှစ်သစ်ကူးနေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဘားအံမြို့ ကရင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်တွင် ကျင်းပခဲ့သည်။
ဖလမ်းမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၅)ဦး ထပ်မံတွေ့ရှိ
Jan 13,2021
ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် ကိုဗစ်-၁၉ ရောဂါ ရှိ/မရှိ စစ်ဆေးရေးဂိတ်တွင် တီးတိန်မြို့မှ ပြန်လာသူ အမျိုးသားနှစ်ဦးနှင့် ပိုးတွေ့လူနာနှင့်ထိတွေ့သူ အမျိုးသား(၃)ဦးတို့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိကြောင်း သိရသည်။
လက်ပံတန်းမြို့နယ် သီတာကုန်းကျေးရွာအုပ်စု သံဖြူရုံကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲနှင့် လျှပ်စစ်မီးအန္တရာယ် အသိပညာပေး ဆွေးနွေးပွဲပြုလုပ်
Jan 13,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် သီတာကုန်းကျေးရွာအုပ်စု သံဖြူရုံကျေးရွာ လျှပ်စစ်မီးဖွင့်ပွဲနှင့် လျှပ်စစ်မီးအန္တရာယ် အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကနီမြို့နယ်အတွင်းရှိ ဆင်းသုခစပါး မျိုးစေ့ထုတ် အကျိုးဆောင်တောင်သူများမှ ဆင်းသုခ စပါးမျိုးစေ့များ စုပေါင်းလှူဒါန်း
Jan 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်းရှိ မိုးလို မိုးခေါင်၍ မိုးစပါးပျက်စီးခဲ့ပြီး အမှန်တကယ်မျိုးစေ့ လိုအပ်ချက်ရှိသော တောင်သူများအတွက် ဆင်းသုခ စပါးမျိုးစေ့ စုပေါင်းထောက်ပံ့ လှူဒါန်းခြင်း အခမ်းအနားကို ယမန်နေ့က ကနီမြို့နယ် တဇယ်ချောင်းကျေးရွာ၊ တောင်သူ ဦးတင်ငွေ နေအိမ်နှင့် ကင်းတောင်အုပ်စု ခိုတွင်းကျေးရွာ တောင်သူဦးချင်းစိန်တို့၏ နေအိမ်များတွင် မျိုးစေ့ထောက်ပံ့ လှူဒါန်းခြင်းအခမ်းအနားကျင်းပခဲ့ကြောင်း သိရှိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်အတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု (၆၀၀) အတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ငွေကျပ် (၆,၄၈၁,၈၀၀) တန်ဖိုးရှိ အခြေခံစားသောက်ကုန်များအား လာရောက်လှူဒါန်း
Jan 13,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ဖြစ်ပွားနေစဉ်ကာလအတွင်း စားသောက်ရေးအခက်အခဲရှိသည့် အခြေခံလူတန်းစား အိမ်ထောင်စု (၆၀၀) အတွက် အခြေခံစားသောက်ကုန်များနှင့် Mask များကို ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ ယမန်နေ့နံနက် ၁၁ နာရီအချိန်က သိမ်ဖြူမီးရထားရပ်ကွက် နှင့် ဥယျာဉ်ရပ်ကွက်များတွင် လာရောက်လှူဒါန်း ပေးခဲ့ကြောင်းသိရသည်။
ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jan 13,2021
ကော့သာင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန၏ စီစဉ်မှုဖြင့် ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်းကာ ကလေးသူငယ်အခွင့်အရေးနှင့် ကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကော့သောင်းမြို့၊ ရွှေဟင်္သာရပ်ကွက်၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီပြုလုပ်ခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများညှိနှိုင်း အစည်းအဝေး ပြုလုပ်
Jan 13,2021
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၊ နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများညှိနှိုင်းအစည်းအဝေးကို ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ကြသည်။
(၈၃)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့မင်္ဂလာ အခမ်းအနား လှိုင်းဘွဲမြို့၌ ကျင်းပ
Jan 13,2021
ကရင်သက္ကရာဇ် ၂၇၆၀ နှစ်၊ ခရစ်နှစ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၁၃)ရက်နေ့တွင် ကျရောက်သော (၈၃)နှစ်မြောက် ကရင်နှစ်သစ်ကူးနေ့ မင်္ဂလာအခမ်းအနားကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့ အောင်မြင်သာယာ ဘုန်းတော်ကြီးကျောင်းရှေ့ကွင်းပြင်၌ ယနေ့နံနက် ၆ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌန၏ ထုတ်ပြန်ထားသော ညွှန်ကြားချက်နှင့်အညီ ကျင်းပ ပြုလုပ်ခဲ့သည်။