စဉ့်ကိုင် ဇန်နဝါရီ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ဘယ်လင်းကျေးရွာအုပ်စုနှင့် တောင်ရင်းကျေးရွာအုပ်စုတို့အား သောက်သုံးရေ ရရှိစေရေး ယနေ့နံနက် (၁၀) နာရီအချိန်က အဆိုပါ ကျေးရွာများသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသန်း၊ ခရိုင်ဦးစီးမှူး ဦးမျိုးမင်းသန့်၊ မြို့နယ်ဦးစီးမှူး ဦးအေးမင်းနိုင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများက ဘယ်လင်းကျေးရွာအုပ်စု ကျေးရွာ (၇) ရွာနှင့် တောင်ရင်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးလက်နေပြည်သူများ ရေအခက်အခဲမရှိစေရေး၊ သောက်သုံးရေရရှိရန် ဆက်သွယ်ဆောင်ရွက်မည့် နည်းများ မြေနေရာအခြေအနေကို ကြည့်ရှုစစ်ဆေးကြပြီး အမြန်ဆုံးသန့်ရှင်းသော သောက်သုံးရေရရှိရေး စီစဉ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇော်ဂျီ မြစ်ရေကိုသန့်စင်ပြီး ရွှေမြင်းတင်တောင်ပေါ်သို့ ပို့ဆောင်ပြီး အဆိုပါ ကျေးရွာများကို ရေပြန်စနစ်ဖြင့် သောက်သုံးရေရရှိစေရေး စီစဉ်ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းနှင့် လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
ဝင်းဝင်းသန်း (စဉ့်ကိုင်ပြန် /ဆက်)