တံတားဦးမြို့နယ် Covid -19 Centre ကူညီထောက်ပံ့ရေးအဖွဲ့သို့ အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများ လာရောက်လှူဒါန်း

တံတားဦး  ဇန်နဝါရီ  ၁၃

ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျောက်ဆည်ခရိုင် တံတားဦးမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း Quarantine Centre ၌ထားရှိသော ပြည်တွင်းမှ ပြန်လာသူများ၊ ထိစပ်လူနာများ၊ အနံ့ပျောက်သူများ၊ မြို့နယ် Covid -19 Centre ကူညီထောက်ပံ့ရေးအဖွဲ့အတွက် လိုအပ်သော နေရာများ၌အသုံးပြုနိုင်ရန် အလှူငွေများနှင့် ကျန်းမာရေးသုံးပစ္စည်းများကို ယနေ့နံနက် ၈ နာရီက လာရောက် လှူဒါန်းကြကြောင်းသိရသည်။

မြို့နယ် Covid -19 Centre ကူညီထောက်ပံ့ရေးအဖွဲ့သို့ ပုသိမ်ကြီးမြို့နယ်  သမ္မတောကျေးရွာမှ ဦးဇော်သန်း+ဒေါ်သီတာခိုင် မိသားစုမှ အလှူငွေ(၅)သိန်းကျပ်၊ အမရပူရမြို့မှ ဦးဇော်မင်းခိုင် မိသားစုမှ ကုတင်(၇)အလုံးအတွက် အလှူငွေ (၃၃၆,၀၀၀)ကျပ်၊ တံတားဦးမြို့ လွှစဉ်တန်းရပ်မှ ဦးစိုးနိုင်+ ဒေါ်မြင်မြင့်ဌေး (ခိုင်သဇင်-အထည်ဆိုင်)မိသားစုမှ အလှူငွေ (၁)သိန်းကျပ်၊ စိတ္တရမဟီရပ်မှ ကိုမျိုးဇော်ထွန်း +မကြူကြူသန်း (ပန်းသခင်-သုံးဘီးအပိုပစ္စည်းရောင်းဝယ်ရေး) မိသားစုမှ အလှူငွေ(၁)သိန်းကျပ် ၊ ဘူတာရပ်မှ ကိုဝင်းမြတ်ထွန်း +မချိုဝေလွင် (ရထိုက်-မိသားစု)မှ အလှူငွေ(၂)သိန်းကျပ်၊ မန္တလေးမြို့ ကိုနိုင်အောင်လင်း + မမေဖြူဦး   (ထက်ဝေဦး -ပိုးထည်တိုက်) မိသားစုမှ အလှူငွေ(၂)သိန်းကျပ်၊ စိတ္တရမဟီရပ် ဆရာမကြီး ဒေါ်ခင်ဆွေ မိသားစုမှ အလှူငွေ (၅)သောင်းကျပ်၊ ဦးညွန့်ဆွေ (သား)ကိုအောင်လင်းထိုက် မိသားစုမှ အလှူငွေ(၅)သောင်းကျပ်နှင့် တစီးရှင်ရပ် ဓနလျှံ ကုန်စုံဆိုင် မိသားစုမှ PPE Level -3 ဝတ်စုံ(၁၀)စုံ ၊ မန္တလေးမြို့ ဦးစိုးဦး+ဒေါ်ယဉ်ယဉ်ကြည် (ညီညွတ်ရေး လူသုံးကုန် ပစ္စည်းဖြန့်ချိရေး)မိသားစုမှ PPE ဝတ်စုံ(၁၀)စုံနှင့်  Mask (၂၀၀၀)ခုတို့ကို အသီးသီ လာရောက်လှူဒါန်းကြရာ Covid -19 Centre ကူညီထောက်ပံ့ရေးအဖွဲ့မှ အသီးသီး လက်ခံရယူခဲ့ကြသည် ။

တံတားဦးမြို့နယ် Covid -19 Centre ကူညီထောက်ပံ့ရေးအဖွဲ့သို့ လာရောက်လှူဒါန်းကြသော အလှူငွေများ၊ ကျန်းမာသုံးပစ္စည်များကို ကျန်းမာရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် စနစ်တကျ အသုံးပြု သွားမည်ဖြစ် ကြောင်း မြို့နယ် Covid -19 Center ကူညီထောက်ပံ့ရေးအဖွဲ့ဝင် ကိုငယ်လေးထံမှ သိရှိရသည်။

ရဲတင့်(တံတားဦး-ပြန်/ဆက်)