တောင်သာမြို့နယ်၌ ၆၆/၃၃ ကေဗွီ(၃၀)အမ်ဗွီအေ တောင်သာဓာတ်အားခွဲရုံပြီးစီး၍ အနီးပတ်ဝန်ကျင်ကျေးရွာများ လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်

တောင်သာ ဇန်နဝါရီ ၁၂

               မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင် ၊ တောင်သာမြို့နယ်၌  ၆၆/၃၃ကေဗွီ(၃၀) အမ်ဗွီအေ တောင်သာဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီးနေပြီဖြစ်၍ အနီးပတ်ဝန်းကျင်ကျေးရွာများ  လျှပ်စစ်မီးရရှိရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တောင်သာမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှသိရသည်။

              တောင်သာမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် လျှပ်စစ်မီးလင်းရေးအတွက်  နိုင်ငံတော်မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဏာရေးနှစ်၌  မြင်းခြံ-မိတ္ထီလာ ကားလမ်းဘေး တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရန်(JICA)အစီအစဉ်ဖြင့် မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် Asia Power Quality Co.,Ltd  မှ တာဝန်ယူ၍ ဖေဖော်ဝါရီလ(၂၆)ရက်နေ့မှစတင်ကာ ၆၆/၃၃-ကေဗွီ(၃၀)အမ်ဗွီအေ တောင်သာဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းများပြီးစီး၍ လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိကြောင်းသိရသည်။

ကျော်မျိုးနိုင်(တောင်သာ)