သတင်းများ

မုံရွာမြို့ ဗောဓိတထောင်ဒေသ အထူးစိမ်းလန်းစိုပြည်ရေးစီမံကိန်း လုပ်ဆောင်နေမှု (၂၅) ရာခိုင်နှုန်းပြီးစီး
Jan 13,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ဗောဓိတထောင်ဒေသ အထူးစိမ်းစိုပြည်ရေး စီမံကိန်းအား (၅)နှစ်ကြာ လုပ်ဆောင်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ (၂၅)ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး အပူပိုင်းဒေသစိမ်းလန်း စိုပြည်ရေးဦးစီးဌာနမှ သိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ပိုးတွေ့ အတည်ပြုလူနာ(၂)ဦးထပ်မံတွေ့ရှိ
Jan 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ယနေ့ ကိုဗစ်−၁၉ပိုးတွေ့ အတည်ပြုလူနာ(၂)ဦးထပ်မံ တွေ့ရှိရကြောင်း သီပေါမြို့နယ်ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရှိရသည်။
သီပေါမြို့နယ် နှလုံးသားပရဟိတအဖွဲ့မှ အခြေခံလူတန်းစား အိမ်ထောင်စုများအား စားသောက်ကုန်များ ထောက်ပံ့လှူဒါန်း
Jan 13,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ရောဂါ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများနှင့် အဘိုးအဘွားများအတွက် စားသောက်ကုန် (၇)မျိုးအား ယမန်နေ့ မွန်းလွဲပိုင်းက နှလုံးသားပရဟိတ(သီပေါ)အဖွဲ့မှ တစ်အိမ်တက်ဆင်း သွားရောက် ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြသည်။
မိုင်းဖြတ်၌ မြစိမ်းရောင်စီမံကိန်းကျေးရွာများတွင် အမှိုက်ကင်းစင်ရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးလုပ်ငန်းများ ဖော်ဆောင်
Jan 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင် စီမံကိန်းကျေးရွာများတွင် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် အမှိုက်များစနစ်တကျ စွန့်ပစ်တတ်စေရေး အသိပညာပေးခြင်းကို ယနေ့ နံနက် ၇နာရီအချိန်ခန့်က ဆွပ်ပလောင်းကျေးရွာသို့ ကွင်းဆင်းအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။
ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ကရင်နှစ်သစ်ကူးနေ့ အထိမ်းအမှတ် ထောက်ပံ့‌ငွေပေးအပ်
Jan 13,2021
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးနော်ပွယ်စေး သည် ဖြူးမြို့နယ်အတွင်း ကရင်လူမျိုးတိုင်းသား အများစုနေထိုင်သော ကျေးရွာများတွင် ကရင် နှစ်သစ်ကူးပွဲတော်ကို နှစ်စဉ်ကျင်းပလျက်ရှိသည့်အတွက် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ် အဖြစ်ထောက်ပံ့ငွေပေးအပ်ပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှုး ရုံးခန်းမ၌ ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက် ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ခြင်းဆိုင်ရာ သင်တန်းဖွင့်လှစ်
Jan 13,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၌ အုပ်ချုပ်ရေးမှူးအသစ်များ ရွေးချယ်ရာတွင် ကြီးကြပ်နိုင်ရေးအတွက်ကြီးကြပ်ရေး အဖွဲ့ဝင်များ ရွေးချယ်ခြင်းဆိုင်ရာ သင်တန်းကို ယမန်နေ့ ညနေ၃နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၊ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ယမန်နှစ်အတွင်း အမှု(၇)မှုကို အခမဲ့ လိုက်ပါဆောင်ရွက်ပေး
Jan 13,2021
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် သတ်မှတ်ချက်နှင့်အညီ ဥပဒေအကူအညီတောင်းခံလာသူများကို အခမဲ့လိုက်ပါကူညီ ဆောင်ရွက်ပေးနေကြောင်း မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံမှ သိရသည်။
ဖြူးမြို့နယ်တွင် နွေရာသီ၌ ရေရှားပါးမှုမဖြစ်ပေါ်စေရေး စက်ရေတွင်းတူး
Jan 13,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံး ရေရရှိရေးအတွက် ငတိုးခင်ကျေးရွာအုပ်စု၊ ငတိုးခင် (ဗမာ)ကျေးရွာ၌ ဆောင်ရွက်နေသည့် 4" စက်ရေတွင်း(တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။