ထားဝယ်မြို့၊ သပြေချောင်းကျေးရွာအနောက်ခြမ်းတွင်နေအိမ်(၁)လုံးမီးလောင်မှုဖြစ်ပွား

ထားဝယ်  ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ သ​ပြေချောင်းကျေးရွာ၊အနောက်ခြမ်းတွင် ယနေ့နံနက် ၀၆:၅၀ နာရီအချိန်ခန့်က နေအိမ်(၁)လုံးမီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်

ဖြစ်စဉ်မှာ သ​ပြေချောင်းကျေးရွာ၊ အနောက်ခြမ်းရှိ အိမ်ပိုင်ရှင် ဒေါ်အေးနွဲ့ နေအိမ်အလျား ၁၅ ပေxအနံ ၁၃ပေ ဓနိမိုးထရံကာ၊ ဝါးကြမ်းခင်းမြေစိုက်တဲအိမ်၌ နံနက် ၀၆:၅၀ နာရီအချိန်ခန့်က ဒေါ်အေးနွဲ့ ၏သမီးဖြစ်သူ မထွေးအိစံက ထင်းမီးဖိုဖြင့် ထမင်းအိုးတည်ရာမှတဆင့် မီးဖိုနံဘေးရှိထရံများအား မီးလောင်မှုဖြစ်ပွားနေကြောင်း တာဝန်သိပြည်သူ တစ်ဦးက မီးသတ်ဦးစီးဌာနသို့ဖုန်းဆက်အကြောင်း ကြားရာ မီးလောင်ရာသို့ ထားဝယ်ခရိုင်မီးသတ်ဦးစီးမှူး ဦးသိန်းဇော်ဝင်းဦးဆောင်၍ သန္ဓေမီးသတ်တပ်ဖွဲ့ ဝင်(၁၀)ဦးအရန်မီးသတ်တပ်ဖွဲ့ဝင်(၆)ဦးနှင့် မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဇမ္ဗူသီရိ အရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့မှ ရေသယ်ယာဉ်(၁)စီးနှင့်အတူ ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်ရာ ၀၆:၅၈ နာရီအချိန်ခန့်တွင် မီးငြိမ်းသတ်နိုင်ခဲ့သည်။

မီးလောင်မှုနှင့် ပတ်သက်၍ နေအိမ်ပိုင်ရှင် သမီးဖြစ်သူ မထွေးအိစံအား ထားဝယ်မြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်

ထားဝယ်(ခရိုင်ပြန်/ဆက်)