ရေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းဆောင်ရွက်လျာထားချက်များ ညှိနှိုင်း အတည်ပြုရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရေး  ဇန်နဝါရီ 

မွန်ပြည်နယ် ရေးမြို့နယ် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်မည့် အဆိုပြုလုပ်ငန်းလျာထားချက် ညှိနှိုင်း အတည်ပြုရန်အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန်နေ့ နံနက်(၁၁)နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရေးမြို့နယ်မဲဆန္ဒနယ်မြေအမှတ်()မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်းနှင့် ရေးမြို့နယ် မဲဆန္ဒနယ်မြေအမှတ်()မှ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးနိုင်သီဟတို့က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံကိန်းရေးဆွဲရေး အကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံဝင်းနှင့် ကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်းဦးစီးမှူး ဦးကျော်စိုးပိုင်တို့က မြို့နယ်အတွင်း စီမံကိန်းအကောင် အထည်ဖော်ရေး လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားသည်။

ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးအဖွဲ့ဝင်များဖြစ်သော မြို့နယ်ဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးဦးစီးဌာန မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန၊ မြို့နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့နှင့် မြို့နယ်ပညာရေး မှူးရုံး စသည့်ဌာနများတို့မှ  ဌာနတာဝန်ခံ အရာရှိများက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွင်း ဌာနအလိုက်ဆောင်ရွက်ရန် လျာထားသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)