ဘုတ်ပြင်းမြို့နယ်တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့

ဘုတ်ပြင်း   ဇန်နဝါရီ   ၁၃

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့နယ်တွင် အသက်(၈၅) နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား သုံးလတစ်ကြိမ် ထောက်ပံ့ပေးအပ်လျက်ရှိသော လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့ပေါ်ရပ်ကွက်တွင် ယနေ့နံနက်က အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့ပေးအပ် လျက်ရှိကြောင်း သိရသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ်ဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ အတွက် ဘိုးဘွားတစ်ဦးလျင် ငွေကျပ် သုံးသောင်းနှုန်းဖြင့် သက်ကြီးဘိုးဘွား(၁၀၆) ဦးအား ထောက်ပံ့ငွေနှင့် အသက် (၁၀၀)နှစ် နှင့်အထက် ဘိုးဘွား(၂)ဦးအား ကိုဗစ်ကာလ ထပ်ဆောင်းငွေ သုံးသောင်းကျပ် ထောက်ပံ့ပေးအပ်လျက်ရှိရာ အဆိုပါ ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာ  အုပ်ချုပ်ရေးမှူး တို့က အိမ်တိုင်ရာ ရောက်သွားရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်းသိရသည်။

သန်းထွန်းဦး(ပြန်/ဆက်)