ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိစေရေးအတွက် ထီးလင်းမြို့(ယာယီ)ပျံကျဈေး၌ တာဝန်ရှိသူများ စစ်ဆေး

ထီးလင်း        ဇန်နဝါရီ        ၁၃

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ် ကာကွယ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချဝယ်ယူမှု ရှိစေရေးအတွက် ယနေ့နံနက် ၇ နာရီတွင်  ဂန့်ဂေါခရိုင် ထီးလင်းမြို့ (ယာယီ) ပျံကျဈေး၌ တာဝန်ရှိသူများက စစ်ဆေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထီးလင်းမြို့(ယာယီ)ပျံကျဈေးအတွင်း ဈေးရောင်း/ဈေးဝယ် ပြည်သူများ အနေဖြင့် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ရောဂါ ထိန်းချုပ် ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရေး၊ ပါးစပ်နှင့် နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင်၍ ရောင်းချ ဝယ်ယူရေး၊ အသား/ငါး ရောင်းချသူများ အနေဖြင့် သတ်မှတ် ဝတ်စုံ အကာအကွယ်များ စနစ်တကျ ဝတ်ဆင်ရောင်းချရေး၊ အလေးချိန်ခွင်၊ အခြင်အတွယ်၊ အတိုင်းအတာများ တိကျမှန်ကန်ရေး၊ ဈေးရောင်း/ဈေးဝယ်သူများ အကြား သတ်မှတ်အကွာအဝေးတွင် ရောင်းချဝယ်ယူရေး စသည့် စည်းကမ်းချက်များအား အလေးထား လိုက်နာ ဆောင်ရွက်ရေးတို့ကို ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဘွေကီးအောင်နှင့် စည်ပင်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဘီးရာမှိုးနှင့် တာဝန်ရှိသူများက လိုက်လံစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အောင်စည်(ပြန်/ဆက်)