ဖြူးမြို့နယ်တွင် နွေရာသီ၌ ရေရှားပါးမှုမဖြစ်ပေါ်စေရေး စက်ရေတွင်းတူး

ဖြူး ဇန်နဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ခုနှစ် ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နွေရာသီရေရှားပါးမှု မဖြစ်ပေါ်စေရေးနှင့် ကျန်းမာသန့်ရှင်းသော သောက်သုံး ရေရရှိရေးအတွက် ငတိုးခင်ကျေးရွာအုပ်စု၊ ငတိုးခင် (ဗမာ)ကျေးရွာ၌ ဆောင်ရွက်နေသည့် 4" စက်ရေတွင်း(တွင်းနက်) စတင် တူးဖော်လျက်ရှိရာ ဖြူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် အဖွဲ့သည် ယနေ့ နံနက်(၁၀)နာရီ အချိန်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ ငတိုးခင်ကျေးရွာအုပ်စု ငတိုးခင်(ဗမာ)ကျေးရွာ၌တွင် ၄" စက်ရေတွင်း (တွင်းနက်) တူးဖော်ပြီးလျှင် ကျေးရွာ အတွင်းရှိ အိမ်ခြေ(၃၅၄)စု၊ လူဦးရေ(၁၆၁၀)ဦးကို သောက်သုံးရေ  ဖူလုံစွာ ရရှိမှာဖြစ်ပြီး နွေရာသီ၌ သောက်သုံးရေပေါများစွာ အသုံးပြုခွင့်ရရှိမှာ ဖြစ်ကြောင်း ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရှိရသည်။

ဖြူး(ပြန်/ဆက်)