ရေး ဇန်နဝါရီ ၁၂
မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ အနေဖြင့် သတ်မှတ်ချက်နှင့်အညီ ဥပဒေအကူအညီတောင်းခံလာသူများကို အခမဲ့လိုက်ပါကူညီ ဆောင်ရွက် ပေးနေကြောင်း မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်အတွင်းရှိ ရာဇဝတ်မှုနှင့် သေဒဏ်ထိုက်တဲ့ ပြစ်မှုများမှအပ အခြားအမှုများကို အခမဲ့လိုက်ပါကူညီဆောင်ရွက်ပေးနေပြီး ဥပဒေအကူအညီတောင်းခံလာသော အမှုများထဲမှ မဟုတ်မတရား အနိုင်ကျင့်ခံရအမှုမှာ ပိုမိုများပြားပြီး သာမန်ရာဇဝတ်မှုတွေလည်း လာရောက်ကူညီ တောင်းခံမှုများ ရှိသည့်အတွက် "နွမ်းပါးပြည်သူ ဖေးမကူ၊ တရားမျှတ ဥပဒေအရ" ဆိုတဲ့အတိုင်း မဟုတ်မတရားအနိုင်ကျင့်ခံရပြီး ဆင်းရဲနွမ်းပါး၍ လာရောက်အကူအညီ တောင်းခံကြသည့် အမှုများကို ရေးမြို့နယ် ဥပဒေအထောက်အကူပြုအဖွဲ့အနေဖြင့် ယမန်နှစ် အတွင်း(၇)မှုကို အခမဲ့ လိုက်ပါ ဆောင်ရွက်ပေးနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)