ကရသူရိမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ကရသူရိ   ဇန်နဝါရီ  ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့ နံနက် ၉ နာရီက  အမှတ်(၁) ရပ်ကွက်ရှိအဘိုး/အဘွားများသို့ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါပေးအပ်ခြင်းကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများဖြင့် အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွားတစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ(၃၀၀၀၀)ကျပ်နှုန်းဖြင့် ဘိုးဘွား(၅)ဦး ကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ပေးအပ်ခဲ့ကြောင်းသိရသည်။

စိုးဝင်း(ပြန်/ဆက်)