လှိုင်းဘွဲ ဇန်နဝါရီ ၁၄
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့် ဆောင်ရွက်နေသော လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသောလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုခြင်းကို ယမန်နေ့က ကရင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန စီမံကိန်းတာဝန်ခံ ဒုတိယညွန်ကြားရေးမှူးဦးစတင့်ဝေနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်းသိရသည်။
ဒုတိယညွန်ကြားရေးမှူးဦးစတင့်ဝေသည် စီမံကိန်းထောက်ပံ့ငွေ (၃၄၁၁၅၀၀၀/_)ကျပ်ဖြင့်အကောင်အထည်ဖော်ဆောင်ရွက် နေသော ပိန္နဲတောကျေးရွာ ရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လမ်း(အရှည် ၁၆၉၅ပေ ၊ အကျယ် ၁၂ပေ ၊ အထူ၆လက်မ)နှင့် (၁၄)ပေပတ်လည် (၈)ပေအမြင့် Slab Culvert (၁)စင်း၊ စီမံကိန်းထောက်ပံ့ငွေကျပ် (၃၂၅၀၀၀၀၀/-) သိန်းဖြင့် ထီးလင်းဝင်းသာကျေးရွာ စာသင်ကျောင်းဆောင်( ၆၀' ၊ ၃၀' ၊ ၁၂') RC ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရူစစ်ဆေးခဲ့ပြီး ကျေးရွာတာဝန်ခံ လက်ထောက် နည်းပညာမှူးနှင့် ကျေးရွာစီမံကိန်းအထောက်အကူပြုကော်မတီများနှင့်တွေ့ဆုံကာ လုပ်ငန်းများ ရေရှည်တည်တံ့ခိုင်မြဲအောင် လည်ပတ်ထိန်းသိမ်းရေးအစီအစဉ်များကို စနစ်တကျ ဆောင်ရွက်ကြရန် ဆွေးနွေးမှာ ကြားခဲ့ကြောင်းသိရှိရသည်။
မြို့နယ်(ပြန်/ဆက်)