ဒဂုံမြို့နယ်တွင် Stay at home ကာလတွင် နယ်မြေအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး ယာဉ်ကြောများ ပိတ်ဆို့စစ်ဆေးခြင်း ဆောင်ရွက်

ဒဂုံ ဇန်နဝါရီ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ဦးဝိစာရရပ်ကွက် ဒဂုံပန်းခြံ​​​ရှေ့​တွင် ယမန်နေ့ညက မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ ယာဉ်ထိန်းနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့က Stay at HOme ကာလတွင် ပြည်သူများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းများကို လိုက်နာခြင်း မရှိပဲ အကြောင်းမဲ့ ဝင်ထွက်သွားလာနေခြင်းများ မရှိစေရန် အတွက် ကိုဗစ် -၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ဖြင့် လူစုလူဝေး မဖြစ်ပေါ်စေရေးနှင့် ပြည်သူများ စိတ်အေးချမ်းစွာ နေနိုင်ရေး ဒုစရိုက် မှုခင်းများ မဖြစ်ပေါ်စေရန်နှင့် အသက်အိုးအိမ် စည်းစိမ်ကာကွယ် စောင့်ရှောက်နိုင်ရေးတို့အတွက် ယာဉ်တင်လှည့်ကင်းများ ဆောင်ရွက်ခြင်း လမ်းတလျှောက် ဖြတ်သန်းသွားလာသော ယာဉ်များအား ရပ်တန့်စေပြီး ယာဉ်စည်းကမ်း ပိတ်ဆို့ဆောင်ရွက်ခြင်းနှင့် နယ်မြေအေးချမ်း လုံခြုံရေး တို့အတွက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့စစ်ဆေးပေးခြင်းအားဖြင့် ယာဉ်အန္တရာယ်မတော်တဆဖြစ်ပွားမှုနှင့် အခြားမလိုလားအပ်သည့် အန္တရာယ်များ မဖြစ်ပေါ်စေရန် ပူးပေါင်း စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်(ပြန်/ဆက်)