မိုးကုတ်မြို့နယ်တွင် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် အမှုဆောင် ဒါရိုက်တာ သစ်ရွေးချယ် တင်မြှောက်ပွဲ ကျင်းပ

မိုးကုတ်၊ဇန်နဝါရီ  ၁၄

မိုးကုတ်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ အမှုဆောင်ဒါရိုက်တာ သစ်ရွေးချယ်တင်မြှောက်ပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်၉ နာရီအချိန်က အဆိုပါမြို့နယ်သမဝါယမအသင်းစု လီမိတက် အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင်မန္တလေးတိုင်းဒေသကြီးညွှန်ကြားရေးမှူး ကျော်မိုးတင့်မှ အဖွင့်အမှာစကားပြောကြားပြီး အမှုဆောင် ဒါရိုက်တာသစ်နှင့် စာရင်းစစ်အဖွဲ့များ ရွေးချယ်ကာ တက်ရောက်လာသည့် ကိုယ်စားလှယ်တော်များထံမှ အတည်ပြုချက်ရယူခဲ့ကြ သည်။ ထို့နောက် မြို့နယ်သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဆက်လက် ကျင်းပခဲ့ရာ မြို့နယ်သမဝါယမအသင်းစု သဘာပတိကြီးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မန္တလေးတိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်မှာ လမ်းညွှန်အမှာစကားဆက်လက် ပြောကြားခဲ့သည်။ ထို့နောက် မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဥက္ကဌဦးစန်းလွင်မှအမှာစကားပြောကြားခဲ့ပြီး မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မျိုးထက်မှ အမှာစကား ဆက်လက် ပြောကြားခဲ့ပြီးနောက် အဆိုပါ ဘဏ္ဍာရေးနှစ်၏ အမြတ်ခွဲဝေမှုစာရင်းအား မြို့နယ် အမှုဆောင်တစ်ဦးမှ လုပ်ငန်းဆိုင်ရာများ ရှင်းလင်းတင်ပြကာ ရှေ့လုပ်ငန်းစဥ်များ ဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ အသင်း၏ စာရင်းစစ်အစီရင်ခံစာဖတ်ကြားတင်သွင်းခြင်း ၊ ဘဏ္ဍာရေး ရှင်းတမ်းများနှင့်အမှုဆောင်အဖွဲ့အစီရင်ခံစာ၊ ရှေ့လုပ်ငန်းစဥ်များအား အတည်ပြုချက်ရယူကာ သဘာပတိကြီးမှ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနား ဒုတိယအစီအစဉ်အဖြစ် မိုးကုတ်မြို့နယ် သမဝါယမအသင်း စုလီမိတက်၏အသင်းအမှုဆောင်နှင့် စာရင်းစစ်အဖွဲ့များစိစစ်ရွေးချယ်ကာ သဘာပတိရှေ့ မှောက်တွင် ကတိသစ္စာခံယူခြင်းများ ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ဖြိုးမမ(မိုးကုတ်)