ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်တွင် မြေသားလမ်းဖောက်လုပ်ခြင်း ဆောင်ရွက်

ပန်းတနော်၊ ဇန်နဝါရီ ၁၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြို့ကွက်သစ်ရပ်ကွက်ရှိ ဗောဓိ (၁) လမ်း၊ မာလာရိုး (၁) လမ်းနှင့် (၃) လမ်းကြားအား မြေသားလမ်းဖောက်လုပ်ခြင်းကို ယနေ့နံနက်ပိုင်းကစတင်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

မြို့ပေါ် ရပ်ကွက်နေ ပြည်သူများ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေရေး၊ လမ်းပမ်းဆက်သွယ်ရေး အဆင်ပြေ ချောမွေ့လာစေရေး အတွက် မြို့ကွက်သစ်ရပ်ကွက်ရှိ ဗောဓိ (၁) လမ်း၊ မာလာရိုး (၁) လမ်းနှင့် (၃) လမ်းကြားအား မြေသားလမ်း ဖောက်လုပ်ခြင်းကို ဆောင်ရွက်ပေးတာဖြစ် ကြောင်း ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ထံမှသိရသည်။

ပြည့်ဖြိုးကျော်(ပန်းတနော်)