ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့ ဒေသခံပြည်သူများအတွက် တတိယအကြိမ် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ပန်နန်းဒင်  ဇန်နဝါရီ  ၁၄

ကချင်ပြည်နယ် ပူတာအိုခရိုင် နောင်မွန်မြို့နယ် ခါကာဘိုရာဇီဒေသ ပန်နန်းဒင်မြို့ ဒေသခံပြည်သူ များအား ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် (၁၀) နာရီအချိန်ခန့်က ပန်နန်းဒင်မြို့ရှိ ခါကာဘိုရာဇီခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပန်နန်းဒင်မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အဖွင့်အမှာစကား ပြောကြားပြီး ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်တာ၀န်ခံ ဦးစောနွဲ့နေအောင်က ဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် ပန်နန်းဒင်မြို့အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်း၊ ပူတာအိုခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန ခရိုင်တာ၀န်ခံ ဦးစောနွဲ့နေအောင်တို့က ငါဝါကျေးရွာအုပ်စု၊ ဂဝိုင်ကျေးရွာ အိမ်ထောင်စု (၁၀) စုလူဦးရေ (၁၄) ဦးတို့အတွက် ဆန်ရိက္ခာ တစ်လစာဆန် (၁၆) အိတ်၊ (၂၁) ပြည်ကိုလည်းကောင်း၊ အဝိ၀မ် ကျေးရွာအုပ်စု၊ ဒဘူဒမ်းကျေးရွာ အိမ်ထောင်စု (၁၇) စု လူဦးရေ (၇၁) ဦးတို့အတွက် ဆန်ရိက္ခာတစ်လစာ ဆန် (၂၂) အိတ်၊ (၇) ပြည် (၄) ဗူးနှင့် အလှူရှင်များမှ ဒေသခံပြည်သူများအတွက် လှူဒါန်းပေးသော အနွေးထည် (၅) အိတ်တို့ကို ထောက်ပံ့ပေး အပ်ခဲ့သည်။

အဆိုပါဆန်ရိက္ခာ တစ်လစာ ထောက်ပံ့ပေးအပ်ပွဲကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာန၏ ထုတ်ပြန်ချက်များနှင့်အညီ ထောက်ပံ့ပေး အပ်ခဲ့ပြီး ယခု ထောက်ပံ့သည့်ဆန်ရိက္ခာမှာ တတိယအကြိမ် ထောက်ပံ့ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နောယော်ဘော်(ပြန်/ဆက်)