ဖျာပုံ ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့အလှူရှင်များက နိုင်ငံတော်သို့ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် ပထမအကြိမ် အလှူငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက ဖျာပုံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလှူငွေပေးအပ်ပွဲအခမ်းအနားတွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိမ်းဆွေက အမှာစကားပြောကြားပြီး ဖျာပုံမြို့ မြို့မိ၊ မြို့ဖများ၊ လုပ်ငန်းရှင်များ၊ အလှူရှင်များက ပူးပေါင်း၍ ကိုဗစ်-၁၉ ကာကွယ်ဆေး ဝယ်ယူရန် နိုင်ငံတော်သို့ လှူဒါန်းကြသော မြို့အလှူရှင်များဖြစ်သည့် ဦးကျော်ထွန်း+ဒေါ်ခင်ခင်ဝင်း (ရွှေလဝင်းဆန်စက်) မိသားစုက အလှူငွေကျပ်သိန်း (၁၀၀)၊ ဦးမင်းမင်း+ဒေါ်သင်းသင်းဆွေမိသားစု ကျပ်သိန်း(၁၀၀)၊ ဦးအောင်တိုး+ဒေါ်စန်းစန်းမြင့် မိသားစုကျပ်သိန်း(၁၀၀)၊ ဦးတင်လှိုင်+ဒေါ်မြင့်မြင့်လှိုင် မိသားစု ကျပ်သိန်း(၁၀၀)၊ (ဦးလှသိန်း)+သီရိသုဓမ္မသိင်္ဂီဒေါ်မြသန်း မိသားစုကျပ်သိန်း(၁၀၀)၊ ဦးမောင်မောင်ခင်နှင့် မောင်နှမများမှ ကျပ်သိန်း(၁၀၀)၊ ဦးဘဟိန်း+ဒေါ်ခင်စန်းရီ မိသားစုကျပ်သိန်း(၅၀)၊ (ဦးကျော်ဇောလင်း)+ သီရိသုဓမ္မသိင်္ဂီဒေါ်အေးအေးသက် မိသားစု ကျပ်သိန်း(၅၀)နှင့် မြို့နယ်အတွင်းရှိ ကျပ်သိန်း(၂၀)နှင့် ကျပ်သိန်း(၃၀)အပါအဝင် လှူဒါန်းသော အလှူရှင်စုစုပေါင်း(၁၁၈)ဦးတို့မှလှူဒါန်းသောအလှူငွေကျပ်သိန်း (၁၆၀,၁၃၀,၀၀၀)နှင့် ထပ်မံလှူဒါန်းငွေကျပ်သိန်း (၁၁,၀၅၀,၀၀၀)၊ စုစုပေါင်း အလှူရှင်များမှ လှူဒါန်းငွေကျပ်သိန်း(၁၇,၁၁၈၀,၀၀ဝိ/-)ကို ပေးအပ်လှူဒါန်းရာ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ် ကိုဗစ်ကော်မတီတို့က လှူရှင်များအား ဝမ်းမြောက်ကြောင်း မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် အလှူရှင်များကိုယ်စား အလှူရှင်ဦးအုန်းဟန်၊ ဦးကျော်ထွန်းတို့က အလှူရှင်များကိုယ်စား ဝမ်းသာပီတိစကားနှင့် မြို့မိမြို့ဖဆရာကြီး ဦးမင်းဆွေ၊ ဦးဝေမြင့်တို့က ကျေးဇူးတင်စကားများ အသီးသီး ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင် (ခရိုင်ပြန်/ဆက်)