ဥတ္တရ ဇန်နဝါရီ ၁၄
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အောက် လုပ်ငန်းများ အတွက် နည်းပညာ၊ ငွေကြေးအဆိုပြုလွှာ ဖွင့်ဖောက်စစ်ဆေးခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်း က ဥတ္တရသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဦးတို့က အမှာစကားပြောကြားခဲ့ပြီး နေပြည်တော်ကောင်စီ ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဥတ္တရသီရိမြို့နယ်အတွင်း ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း (၃၄)ခုအတွက် ကျပ်သန်း (၁၀၀)အောက် လမ်းလုပ်ငန်း(၁၇)ခု၊ အဆောက်အဦလုပ်ငန်း (၆)ခု၊ အခြားလုပ်ငန်း (၁၃)ခု၊ စုစုပေါင်းလုပ်ငန်း (၃၄)ခုတို့အား တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါလျှောက်လွှာ တင်သွင်းထားသည့် နည်းပညာ၊ ငွေကြေးအဆိုပြုလွှာများကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ မြို့နယ်တင်ဒါ ကော်မတီဝင်များနှင့် ဖွင့်ဖောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)