ပန်ဆိုင်း ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်မိုင်ကျေးရွာ၌ ကျေးရွာကိုယ်စားပြု ကြံသီးနှံစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့နံနက်ပိုင်း က တောင်သူဦးဆမ်လင်း၏ လယ်ယာတွင် စိုက်ပျိုးထားသည့် ကြံသီးနှံစံကွက်ကို စတင်ရိတ်သိမ်းခဲ့သည်။
ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်မိုင်ကျေးရွာကိုယ်စားပြု စံကွက်ဖြစ်သော တောင်သူ ဦးဆမ်လင်း၏ လယ်ဧက(၃.၀၀)ဧကတွက် စိုက်ပျိုးထားသည့် ကြံသီးနှံစံကွက်ကို မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြံသီးနှံစံကွက်ရိတ်သိမ်းမည့် လယ်ကွင်းများတွင် စံနှုန်းတိုင်းတာခြင်း၊ ရိတ်သိမ်းခြင်း၊ ရိမ်းသိမ်းပြီး အလေးချိန်ထွက်နှုန်း တိုင်းတာခြင်းများကို ဆောင်ရွက်သည်။
ဆက်လက်ပြီး ကြံသီးနှံစံကွက်များ ရိတ်သိမ်းရာ၌ ကြံသီးနှံအထွက်နှုန်းသိရှိရန်နှင့် အထွက်နှုန်း ပိုတိုးစေရန်ရည်ရွယ်၍ ဆောင်ရွက်ရမည့်နည်းလမ်းများကို မြို့စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပန်ဆိုင်း(ကြူကုတ်)မြို့၊ မန့်မိုင်ကျေးရွာတွင် ကြံသီးနှံစံကွက်၊ (စီချွမ်-7915) ကြံမျိုး တစ်ဧကလျှင် (၂၉.၈၉)တန်ထွက်ရှိခဲ့ကြောင်း မြို့စိုက်ပျိုးရေးဦးစီးထံမှ သိရသည်။
သန်းမိုးခိုင် (ပြန်/ဆက်)