အလုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့သို့ အောက်ဆီဂျင်အိုး(၂)အိုးလာရောက်လှူဒါန်း

အလုံ ဇန်နဝါရီ ၁၅

ပြည်သူများအတွက် လူမှုကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ကာ ယမန်နေ့နံနက်ပိုင်းက အလုံမြို့နယ် ကြက်ခြေနီအသင်းသို့ အောက်ဆီဂျင် အိုးများ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် အလုံမြို့နယ်၊ အမှတ်-၁၃ ဌာနာလမ်းနေ ဦးကိုကြီးနှင့် ဒေါ်မေသန်းမြင့် မိသားစုမှ  အောက်ဆီဂျင်အိုး(၂)အိုး လှူဒါန်းခဲ့ရာ မြို့နယ်ကြက်ခြေနီအသင်း၊ ဒုတပ်ဖွဲ့မှူး ဦးတင်ဝင်းအောင်နှင့် အဖွဲ့ဝင်တို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုလက်မှတ်များ ပြန်လည် ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

အလုံမြို့နယ်ကြက်ခြေနီတပ်ဖွဲ့သည် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးလုပ်ငန်းများ၊ Fever Clinic ဖျားနာကုဆေးခန်းတို့တွင် လိုအပ်သော လူမှုကူညီရေးလုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း စသည့် လုပ်ငန်းများကိုပြည်သူများအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

တင်တင်ချို