ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် အထောက်အကူဖြစ်စေရန် Mask Campaing ပြုလုပ်

ကြို့ပင်ကောက် ဇန်နဝါရီ ၁၅

ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့နယ်၏ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို အထောက်အကူဖြစ်စေရန် Mask Campaign ပြုလုပ်ခြင်းကို ဇန်နဝါရီလ ၁၅ ရက်နေ့နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း အဖွဲ့သည် ဈေးချိုမြောက်ရပ်ကွက် ရုံးလမ်းမီးပွိုင့်တွင် ဆောင်ရွက်ခဲ့သည်။

နှာခေါင်းစည်းအခု(၁၀၀၀) နှင့် မျက်နှာအကာ အခု(၅၀)တို့အားအခမဲ့ပေးဝေခြင်းကို အပတ်စဉ် သောကြာနေ့တိုင်း မြို့နယ်အတွင်း လူစီကားရာနေရာများတွင် ကျန်းမာရေးဦးစီးဌာနမှ ဦးဆောင်ကာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန သူနာပြု အဆင့်တစ် ဦးအေးနိုင်ကပြောသည်။

ကြို့ပင်ကောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့အဝင်အထွက် ဂိတ်များဖွင့်လှစ်၍ ခရီးသွားများအား စစ်ဆေးဆောင်ရွက်ခြင်း၊ ပြည်ပပြန်၊ ရန်ကုန် တိုင်းဒေသကြီးနှင့် အခြား တိုင်းနှင့်ပြည်နယ်တို့မှပြန်လာကြသူများကို Quarantine Centre များဖွင့်လှစ်၍ စောင့်ကြည့်စစ်ဆေးခြင်း၊ ယခုကဲ့သို့ လူစည်ကားရာနေရာများတွင် Mask Campaign များပြုလုပ်ဆောင်ရွက် ခြင်းတို့ကို အရှိန်မြှင့်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)