သဲကုန်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၌ Quarantine ထားရှိသူများအနက်မှ (၈၀)ဦး၏ Swab နမူနာများအား (၃၃)ကြိမ်မြောက် ဓာတ်ခွဲခန်းစစ်ဆေးရန် ယနေ့ နံနက်ပိုင်းက ရယူခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ FQC များတွင် စောင့်ကြည့်အဖြစ်ထားရှိသူများ အနက်(၈၀)ဦးတို့အား RDT test kit ဖြင့် စစ်ဆေးကာ ရလဒ်များကို စစ်ဆေးသည့် ညနေပိုင်းတွင် အမြန်ဆုံး ထုတ်ပြန်နိုင်အောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး Positive ထွက်ရှိသည့် လူနာများအား ပြည်သူ့ဆေးရုံသီးခြားဆောင်သို့ ခေါ်ယူ၍ ဆေးကုသမှု ပေးသွားမည် ဖြစ်ကြောင်း နှင့် Negative ထွက်ရှိသောသူများ၏ ရလဒ်များကို သေချာမှုရှိစေရန် ရန်ကုန်သို့ပို့ပြီး RTPCR နည်းဖြင့် ဒုတိယအကြိမ် ထပ်မံစစ်ဆေးသွားမည်ဖြစ်သည်။
ယနေ့ထိ သဲကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခြင် ခံထားရသူ(၉၀)ဦးရှိသွားပြီဖြစ်ပြီး သေဆုံးသူ မရှိကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နိုင်လင်း (သဲကုန်းပြန်/ဆက်)