တွံတေး ဇန်နဝါရီ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် Mask တွံတေးမြို့နယ်တွင် အခြေခံလူတန်းစားများအား အိမ်တိုင်ရာရောက် Mask ဖြန့်ဝေခြင်း နှင့် ကိုဗစ်-၁၉ရောဂါဆိုင်ရာ အသိပညာပေးခြင်းကို ယနေ့နံနက်ပိုင်းတွင် အိုဘို အနောက်ရပ်ကွက် ၊ကမ်းနား လမ်း၌ပြုလုပ်ခဲ့ကြောင်းသိရသည်။
မြို့ပေါ်(၈)ရပ်ကွက်ရှိ အိုဘိုအနောက်ရပ်ကွက်၊ကမ်းနားလမ်းရှိ အခြေခံလူတန်းစားများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေခြင်းနှင့် အခြေခံ အိမ်ထောင်စု(၁၀၀)စုအား တစ်အိမ်ထောင်လျှင် Mask (၁၀)ခုနှုန်းဖြင့် တစ်နေ့လျှင်Mask အခုရေ(၁၀၀၀)ကိုဖြန့်ဝေပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ကူးစက်ပျံ့နှံမှု ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်တားဆီးရေးအတွက် ပြည်သူများအနေဖြင့် ပြင်ပသို့သွားလာရာ တွင် လည်းကောင်း၊ စျေးရောင်း၊စျေးဝယ်ပြုရာတွင် လည်းကောင်း Mask တပ်ဆင်ခြင်း Social Distancing နှင့်အညီ နေထိုင် သွားလာရန် ညွှန်ကြားထားကြောင်း တွံတေးမြို့နယ်အတွင်းရှိ ရပ်ကွက်များ၊စျေးများ၊လမ်းသွားလမ်းလာတိုင် Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်းကို ဒုတိယဦးစီးမှူး ဦးရွှေပြည်စိုး ဦးဆောင်၍ သက်ဆိုင်ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး ခရီးသွား ပြည်သူ များ၊ လမ်းသွားလမ်းလာများ၊ ဈေးသွားဈေးလာ လူထူထပ်သည့် နေရာများ တွင် Mask ယူဆောင် အသုံးပြုတပ်ဆင်ခြင်း အလေ့အထရှိစေရေး၊ လမ်းသွား၊ လမ်းလာပြည်သူများ၊ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့်အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်း၊ အသိပညာ ပေးခြင်းများဖြင့် အရှိန်အဟုန်မြှင့်ပညာပေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
မျိုးလှိုင်(တွံတေး)