လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ဌာနဆိုင်ရာ ရုံးပေါင်းစုံ ဆောက်လုပ်မှု စီမံကိန်းမြေနေရာသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

လှိုင်သာယာ(အနောက်ပိုင်း)  ဇန်နဝါရီ  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အပြင်ပဒံ ကျေးရွာအုပ်စု၊ ကမ်းပြိုကျေးရွာရှိ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ဌာနဆိုင်ရာ ရုံးပေါင်းစုံ ဆောက်လုပ်မှု စီမံကိန်းမြေနေရာသို့ ယနေ့နံနက် ၁၀ နာရီခန့်က တာဝန်ရှိသူများ ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးသည်။

ထို့သို့ ကွင်းဆင်းကြည့်ရှု့ရာတွင် ရန်ကုန်မြို့တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ ညွှန်ကြား ရေးမှူး ဦးမိုးဟိန်း ၊ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြနှင့်မြေယာ စီမံခန့်ခွဲမှုဌာန၊ ဒုတိယဌာနမှူး ဦးရဲမြင့်အောင်၊ မြောက်ပိုင်းခရိုင် ခေတ္တအုပ်ချုပ်ရေးမှူး ဦးအောင်ဇော်ထက်၊ လှိုင်သာယာ (အနောက်ပိုင်း) မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းနှင့် တာဝန်ရှိသူများက ကွင်းဆင်း ကြည့်ရှု့စစ်ဆေးသည်။

ထို့နောက် ဌာနဆိုင်ရာ ရုံးပေါင်းစုံ ဆောက်လုပ်ရေးရှင်းလင်းဆောင်တွင်  ရန်ကုန်မြို့တော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ရုံးအဆောက်အဦ ဆောက်လုပ်နေမှုနှင့် ပတ်သက်၍ လမ်း၊ ရုံးအဆောက်အဦ ၊ဝန်ထမ်းလိုင်းခန်း ဆောက်လုပ် လျာထားမှုနှင့် ပြီးစီးမှုများအား ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှလည်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။

မြသန္တာဝင်း(ပြန်/ဆက်)