လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ရေစီးရေလာကောင်းမွန်စေရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အရှိန်အဟုန် မြှင့် ကွင်းဆင်းဆောင်ရွက်
Jan 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပွား စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက် ရေနုတ်မြောင်းများ ဆယ်ယူခြင်းနှင့် Box Culvert များ ပြုလုပ်ရန် အုတ်ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ နံနက်ပိုင်းက တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်၊ လွှတ်တော်ကိုယ်စားလှယ်များရုံးအဖွဲ့၊ မြို့နယ်စည်ပင် သာယာအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ (ရေစီးရေလာ) အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်ကျေးအလုပ်အမှုဆောင်များနှင့်အတူ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။