မင်္ဂလာဒုံမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အရေးပေါ်လူနာတင်ယာဉ်တွင် အထွေထွေအသုံးပြုရန် အလှူငွေများလှူဒါန်း

မင်္ဂလာဒုံ ဇန်နဝါရီ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊  မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်  ကြက်ခြေနီတပ်ဖွဲ့ရှိ အရေးပေါ်လူနာတင်ယာဉ် (၂)စီး၏ အတွင်းခန်းတွင် လူနာကုတင်၊ အောက်စီဂျင်အိုး၊ ထမ်းစင်တို့ဝယ်ယူရန်အတွက် ယမန်နေ့က အလှူရှင်များစုပေါင်းပြီး လှူဒါန်းခြင်း၊ တစ်ဦးချင်းလည်း လှူဒါန်းကြရာ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး အေးသွင်နှင့် တာဝန်ရှိသူတို့က လက်ခံယူခဲ့ပြီးဂုဏ်ပြုမှတ်တမ်း ပြန်လည်ပေးအပ်ခဲ့သည်။

သဒ္ဒါထက်သန်စွာဖြင့် လှူဒါန်းကြသော အလှူရှင်များမှာ ဦးတင်ဝင်းအောင်၊ ဒေါ်လှလှဝင်း၊ ဦးဝင်းတင့်ဦး၊ ဒေါ်အေးအေးထက်ဝင်း၊ မဝင်းစန္ဒာအောင် မိသားစုတို့မှ အလှူငွေ(၃)သိန်းကျပ်၊ ဦးဇော်လွင်၊ ဒေါ်လဲ့လဲ့ဝင်း အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးမိသားစုနှင့် မန္တလေးတိုင်း၊ ပုသိမ်ကြီး မြို့နယ်နေ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှဝင်းရှိန် မိသားစု၊ မဂျူးဂျူးမိသားစု မင်္ဂလာဒုံမြို့နယ်တို့က အလှူငွေ (၃)သိန်းကျပ်တို့ကို အရေးပေါ် လူနာတင်ယာဉ် အတွင်းခန်းတွင် အသုံးပြုရန် နှစ်ဦးအလှူငွေအဖြစ် လှူဒါန်းခဲ့ကြသည်။ အဆိုပါ အရေး ပေါ်လူနာတင်ယာဉ်ဖြင့် ထိစပ်၊ အနံ့ပျောက် လူနာ၊ ပိုးတွေ့လူနာများနှင့် ယာဉ်တိုက်မှုလူနာများကို ဖုန်းနံ ပါတ် ၀၉-၄၂၀၀၈၄၃၇၅၊ ၀၉-၄၂၂၄၂၁၃၂၆၊ ၀၉-၄၀၉၈၅၃၀၃၇ တို့ကိုဆက်သွယ်ပါက အချိန်မရွေးကူညီ ပို့ဆောင်နေကြောင်း သိရသည်။

မျိုးသန့် (ပြန်/ဆက်)