ကျိုင်းလပ်မြို့၌ ကျေးရွာချင်းဆက်လမ်း ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jan 15,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ နယ်စပ်ဒေသ ကျိုင်းလပ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်၊ နယ်စပ် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေကျပ် ၁၅၈ ဒဿမ ၇၀၀ သန်းဖြင့် ကျိုင်းလပ်မြို့ ဝမ်ကျင်း- ကျခမ်းဆောင်- ကျခမ်းတဲ ကျေးရွာချင်းဆက်လမ်း (၁/၆)မိုင် အနက် (၁/၁)မိုင် ကျောက်ချောလမ်းခင်းခြင်းကို King Light ကုမ္မဏီမှ တာဝန်ယူ အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိသည်။