သဲကုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု
Jan 15,2021
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ အကူညီဖြင့်အကောင်ထည်ဖော်ဆောင်ရွက်သည့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးတိုင်း CDD စီမံကိန်းနည်းပညာအကြံပေးအရာရှိ ဦးပီတာထန်ခပ်မုံ၊ ဒု-ဦးစီးမှူး ဒေါ်လှဖုံးခိုင်၊ တိုင်းနည်းပညာအကြံပေး အင်/ယာ ဒေါ်ဆွေသနာညွန့်နှင့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများသည် ယမန်နေ့က သစ်နီတော အုပ်စု၊ သစ်နီတောကျေးရွာ၊ သိန်းသောင်းကျေးရွာ၊ မင်းလှအုပ်စု၊ ချောင်းစောက်ကုန်းကျေးရွာ၊ ဆောက်ခြုံကြီးကျေးရွာအုပ်စု၊ ကျားစုကုန်းကျေးရွာ၊ တံခွန်တိုင်အုပ်စု၊ ဂူကြီး ကျေးရွာ၊ ထန်းပင်မှော်ကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။