နတ်မောက် ဇန်နဝါရီ ၁၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင် နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ညောင်ကျပ္ပင်ကျေးရွာအုပ်စု ညောင်ကျပ္ပင်ကျေးရွာ၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု စက်ရေတွင်းပြင်ဆင်ထိန်းသိမ်းနည်း သင်တန်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ဖွင့်လှစ်ပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နတ်မောက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးဝင်းသူရမှ ယခုလိုသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ကျေးလက် နေပြည်သူများ စွမ်းဆောင် ရည်မြှင့်တင်ပေးရန်၊ စက်ရေတွင်းများအားပြုပြင် ထိန်းသိမ်း ခြင်းဖြင့် ရေရှည်တည် တံ့ခိုင်မြဲရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာပြီး မိသားစု အပိုဝင်ငွေ တိုးပွားလာစေရန် ဖွင့်လှစ်ပေးရ ခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ သည်။
ဆက်လက်၍ သင်တန်းနည်းပြဆရာဦးဇော်မြင့်မှ သင်တန်း သားများနှင့်မိတ်ဆက်၍ သင်တန်းတွင် ပို့ချပေးမည့် သင်ခန်းစာများ၊ သင်တန်းတွင် လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအား ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်း အခမ်းအနားသို့ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းသူရနှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်မိရပ်ဖများ၊ သင်တန်းသားများ စုစုပေါင်း (၄၀) ဦးတက်ရောက်ခဲ့ရာ သင်တန်း ကာလမှာ အချိန်(၁၅)ရက် ခန့်ကြာမြင့်မည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
မူမူစန်း(နတ်မောက်)