သတင်းများ

ရွှေဘိုမြို့တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုများအတွက် အုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေး
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုများအတွက် အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးခြင်းကို ဇနါနဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ (၂)နာရီက ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်
Jan 15,2021
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေး များက ဘိုးဘွားများကိုယ်စား လက်ခံရယူခဲ့သည်။
ရွာသစ်မြို့၌ နေကြာစေ့စိုက်ခင်း စံကွက်များ ရိတ်သိမ်း
Jan 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့၌ စိုက်ပျိုးထားသော ဆောင်းနေကြာစေ့ထုတ် စံကွက်များ ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချင်းပြည်နယ် အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဘောင်ကျေးရွာရှိ CBT လုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
Jan 15,2021
ချင်းပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေး လျှပ်စစ်နှင့်စက်မှုလက်မှုဝန်ကြီး ဦးစိုးထက်နှင့် လူဝင်မှု ကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး (နယ်မြေခံဝန်ကြီး ဦးဖွေအားတို့ မင်းတပ်မြို့နယ် ဘောင်ကျေးရွာရှိ ပြည်တွင်းပြည်ပ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးအတွက် Community Base Tourism(CBT ) လုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် သွားရောက် စစ်ဆေးခဲ့သည်။
တနင်္သာရီမြို့နယ်တွင် (ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေးနှင့်အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေး
Jan 15,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ရဲသည် ယနေ့ နံနက်၉နာရီအချိန်က ဆင်ခြေဖုန်းကျေးရွာအုပ်စု-ဘန်းသဲကျေးရွာမှရေလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသည့် ရေလုပ်သား များအား မြစိမ်းရောင် (ငါးကဏ္ဍ)ဖွံဖြိုးတိုးတက်ရေးညှိနှိုင်းအစည်းဝေးနှင့် အဂတိလိုက်စားမှုတားဆီး ကာကွယ်ရေး အသိ ပညာပေး ဆွေးနွေးမှုများ ကွင်းဆင်းပြုလုပ်ကြောင်း မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရှိရသည်။
ထန်းတပင်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးထားသော စပါးများအား မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူ
Jan 15,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် တောင်သူများ စပါးစိုက် ပျိုးချိန်တွင် မျိုးကောင်း၊ မျိုးသန့်စပါးမျိုးများကို အလွယ်တကူရရှိနိုင်ရေးအတွက် CERP ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် မျိုးသန့် မျိုးစေ့ထုတ်တောင်သူများ စိုက်ပျိုးကာ ရရှိလာသည့် စပါးများကို မျိုးစပါးများအဖြစ် ပြန်လည်ဝယ်ယူဆောင်ရွက်နေပြီး တောင်သူများ လိုအပ်ချိန်တွင် ပြန်လည်၍ ရောင်းချဆောင်ရွက်ပေးသွားမှာဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှ တာလေမြို့အပိုင်းရှိ ပျက်စီး နေသည့် လမ်းနေရာများအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
Jan 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှ တာလေမြို့အပိုင်းရှိ ပျက်စီးနေသည့် လမ်းနေရာများ ၊ ယာဉ်မတော်တဆမှု အဖြစ်များသည့် နေရာများတွင် နေ့စဉ်ဖြတ်သန်းသွားလာ‌နေကြသော အများပြည်သူတို့ ကားဆိုင်ကယ်များ ဘေးအန္တရာယ်ကင်းစွာ မောင်းနှင်သွားလာနိုင်ရေးအတွက် သော်တာဝင်းကုမ္ပဏီက ပြန်လည်ပြင်ဆင်ခြင်း များ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း နားယောင်းကျေးရွာအုပ်စု အတွင်းရှိ ရန်ကင်းဆီပန့် ရှေ့နေရာတွင် ပျက်စီးနေ သော နေရာအား ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေကို ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေအား ထပ်ဆင့်ရှင်းလင်း
Jan 15,2021
ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး နည်းပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့် ရှင်းလင်းခြင်းကို ယနေ့ နံနက် ၁၀ နာရီက ပေါက်ခေါင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။