ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် အရေးပေါ်လူနာတင်ယာဉ် တစ်စီး ပေးအပ်လှူဒါန်း
Jan 16,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် အရေးပေါ် လူနာတင်ယာဉ် တစ်စီးနှင့် ဆက်စပ်ပစ္စည်းများကို ကျောက်မဲမြို့၊ အမှတ် ၅ ရပ်ကွက်၊ "နန်းမြဦး" ပွဲရုံမှမောင်နှမများက ၎င်းတို့၏ ဘိုး၊ ဘွား၊ ဘီ၊ဘင်နှင့် မိဘဖြစ်သူ ပွဲစားကြီး ဦးအေးကို နှင့် ဒေါ်နန်မြဦးတို့အား ရည်စူး၍ ယမနေ့နေ့ကပေး အပ်ဒါန်းရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများကလက်ခံခဲ့ကြောင်း သိရသည်။