မြောက်ဥက္ကလာပမြို့နယ်တွင်  အသား၊ ငါး၊ ဟင်းသီးဟင်ရွက်များကို ဈေးကားများဖြင့် (၁၁)ကြိမ်မြောက် လာရောက်ရောင်းချ

မြောက်ဥက္ကလာပ ဇန်နဝါရီ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန်၊ ပြည်သူများ မိမိတို့နေအိမ်များနှင့် ဝေးကွာသော ဈေးများတွင် သွားရောက်ဝယ်ယူခြင်း မပြုနိုင်စေရန်နှင့် ရပ်ကွက်အတွင်း၌သာ ဝယ်ယူနိုင်စေရန် ရည်ရွယ်၍  ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များ စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် ညီနောင် အသင်းများမှ ပူးပေါင်းဆောင်ရွက်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပ မြို့နယ် ()ရပ်ကွက်နှင့် ()ရပ်ကွက်တွင် ယနေ့ နံနက် () နာရီမှ စတင်ကာ ဈေးကားများဖြင့် အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်များ၊ ဆီ၊ ကြက်ဥနှင့် အခြားမီးဖိုချောင်သုံးပစ္စည်းများကို လည့်လည်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ လှည့်လည်ရောင်းချရာတွင် မြောက်ဥက္ကလာပမြို့နယ်သို့ ဈေးကားများမှာ တစ်ပတ်လျှင် ()ကြိမ် လာရောက်ရောင်းချခြင်းဖြစ်ရာ ယခုရောင်းချမှုမှာ (၁၁)ကြိမ်မြောက် လာရောက်ရောင်းချ ခြင်း ဖြစ်ပြီး မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်းနှင့် ဝန်ထမ်းများက ဈေးကားများနှင့် ဈေးဝယ်သူများ စနစ်တကျ ဝယ်ယူရောင်းချနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။

မြမြဝင်း(ပြန်/ဆက်)