လှိုလှိုင် ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အနောက်ပိုင်းခရိုင် လှိုင်မြို့နယ်တွင် ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးလုပ်ငန်းစဉ်နှင့် ဥပဒေ၊ နည်းဥပဒေများအား ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၉) နာရီက အမှတ် ၂ရပ်ကွက်သီရိမင်္ဂလာရေကန် ဓမ္မာရုံတွင်လည်းကောင်း၊ ညနေ (၃)နာရီတွင်အမှတ်(၄)ရပ်ကွက် သာသနာ့ရက္ခိတကျောင်း၌လည်းကောင်း ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအခမ်းအနားတွင် လှိုင်မြို့နယ်ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ထွန်း ကတက်ရောက်၍ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးများရွေးချယ်ရာတွင် ဘက်လိုက်မှု ကင်းရှင်းစေရေး၊ အချိန်မီပြုလုပ်နိုင်ရေး၊ ပြည်သူ အားလုံးပူးပေါင်းပါဝင်စေရေးနှင့် ပွင့်လင်းမြင်သာမှု ရှိစေရေးတို့အတွက် ဆောင်ရွက်ရခြင်း ဖြစ်ပြီးရပ်ကွက် အုပ်ချုပ်ရေး ဥပဒေ၊နည်းဥပဒေများ၊ ပြင်ဆင်သည့်ဥပဒေ ၊ နည်းဥဒေများကို ကဏ္ဍအလိုက် အသေးစိတ်ရှင်း လင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက်ရှင်းလင်းဆွေး နွေးပွဲသို့တက်ရောက်လာကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးဝန်ထမ်းများက သိရှိလိုသည်များကို ပြန်လည် မေးမြန်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။
ကြည်ဇေသော်(ပြန်/ဆက်)