ညောင်ဦး ဇန်နဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ် မြေတွင် ယနေ့ နံနက်ပိုင်းက ပုဂံပလပ်စတစ်ကမ်ပိန်းအဖွဲ့နှင့်အတူ ညောင်ဦးမြို့နယ် အခြေစိုက်အဖွဲ့ အသီးသီမှ ပူးပေါင်း ပါဝင်ကာ ပလပ်စတစ် အမှိုက်ကောက် ခြင်းနှင့်ပေါင်းမြက်များ ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့ ဥက္ကဋ္ဌ ဦးတင့်ဆွေထံကသိရ သည်။
ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း ရွှေစည်းခုံဘုရား တောင်ဘက်စောင်းတန်းအဟောင်းမှ စတင်ကာ အလိုတော်ပြည့်ကျောင်းတိုက်အရှေ့ဘက်လမ်းဘေး ဝဲ/ယာရှိ ခြုံနွယ် ပိတ်ပေါင်းထူနေသည့်၊ မြက်တောများ၊ ပလတ်စတစ်အမှိုက်မျာ တစ်ခါသုံး ဖော့ဘူးခွံများကို ပုဂံပလတ်စတစ်ကမ်ပိန်း အဖွဲ့၊ Oriental Balloons၊ အဖွဲ့မှဝန်ထမ်းများ၊ STT Balloon အဖွဲ့မှဝန်ထမ်းများ ၊Golden Eagle Balloonအဖွဲ့မှဝန်ထမ်းများ၊BOB Balloon ဝန်ထမ်းများ၊ ရွှေဘီပရဟိတလူငယ်အဖွဲ့၊ ထွန်းကော်မာ ရှယ်ဘဏ်၊ ၊မိခင်နှင့်ကလေးအဖွဲ့၊ များစုပေါင်းကာခြုံနွယ်များ ရှင်းလင်းကြကြောင်း ပုဂံပလတ် စတစ်ကမ်ပိန်း အဖွဲ့အတွင်းရေးမှူး ဦးမိုးမင်းအောင်ကရှင်းပြသည်။
ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့နှင့် အတူ စုပေါင်းအမှိုက်ကောက် ကုသိုလ်ယူသူများအား Royal-D Co.,Ltd မှ သီးစုံဓာတ်ဆားဖျော်ရည်ဗူးများ၊ ပလတ်စတစ်ကမ်ပိန်းမှကောက်ညှင်းပေါင်းများ၊ ပုဂံညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်အား ပုဂံပလတ်စတစ်ကမ်းပိန်းအဖွဲ့မှဦး ဆောင်ကာ ပုဂံညောင်ဦးရှေးဟောင်းယဉ်ကျေးမှု ဇုန်ပလတ် စတစ် ကင်းစင်ရေး၊ ခြုံနွယ်ထူထပ်နေသည့် နေရာများအား ပြန်လည် ရှင်းလင်းရေး စနေနေ့တိုင်းပုံမှန် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း ပုဂံပလတ်စတစ် ကမ်ပိန်း ဥက္ကဋ္ဌ ဦးတင့်ဆွေကရှင်းပြ၍သိရသည်။
ကိုထိန်၊KPD