ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံအတွက် အရေးပေါ်လူနာတင်ယာဉ် တစ်စီး ပေးအပ်လှူဒါန်း

ကျောက်မဲ ဇန်နဝါရီ ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ် ၊ ပြည်သူ့ဆေးရုံတွင် အသုံးပြုရန်အတွက် အရေးပေါ် လူနာတင်ယာဉ် တစ်စီးနှင့် ဆက်စပ် ပစ္စည်းများကို ကျောက်မဲမြို့၊ အမှတ် ၅ ရပ်ကွက်၊  "နန်းမြဦး" ပွဲရုံမှမောင်နှမများက  ၎င်းတို့၏ ဘိုး၊ ဘွား၊ ဘီ၊ဘင်နှင့် မိဘဖြစ်သူ ပွဲစားကြီး ဦးအေးကိုနှင့် ဒေါ်နန်မြဦးတို့အား ရည်စူး၍ ယမနေ့နေ့ကပေး အပ်ဒါန်းရာ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် တာဝန်ရှိသူများကလက်ခံခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းပေးသည့် အရေးပေါ်လူနာတင်ယာဉ်ကို ရှင်သန်ရာ လူမှုကူညီရေးအသင်းမှ အဖွဲ့ဝင်များက လာရောက်ပေး ပို့လှူဒါန်းပေး ခဲ့ပြီးလာရောက်လှူဒါန်းမှုအပေါ် ကျောက်မဲခရိုင် ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်မိုးထွန်းနှင့် တာဝန်ရှိသူများက ဂုဏ်ပြု မှတ်တမ်းလွှာနှင့် အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်မဲမြို့နယ်၊ ပြည်သူ့ဆေးရုံကြီးတွင် ယမန်နေ့က ထပ်မံအလှူခံရရှိခဲ့သည့် ယာဉ်တစ်စီး အပါအဝင် စုစုပေါင်း အရေးပေါ်လူနာတင် ယာဉ် ၂ စီးရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)