တာလေမြို့ စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး

တာလေ      ဇန်နဝါရီ      ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင် တာလေမြို့ရှိ စိုက်ပျိုးရေးဦးစီးဌာနသို့  ရှမ်းပြည်နယ်အရှေ့ပိုင်း စိုက်ပျိုးရေး ဦးစီးဌာန  ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းသည် ယမန်နေ့  နေ့လယ်ပိုင်းကရောက်ရှိပြီး ဝန်ထမ်းများနှင့် တွေ့ဆုံ၍ လုပ်ဆောင်ရမည့်လုပ်ငန်းများအား လမ်းညွန်မှာကြားခြင်းနှင့် ရုံးဝန်းအတွင်း Home Gardening စိုက်ပျိုးထားရှိမှု အခြေအနေများအား  ကြည့်ရှုစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ဆက်လက်၍ “ရှမ်းပြည်နယ်အရှေ့ပိုင်း စိုက်ပျိုးရေးဦးစီးဌာနဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက တာလေမြို့ စိုက်ပျိုးရေး ဦးစီးဌာနမှ‌‌ဆောင်ရွက်ထားရှိ‌သော ဆောင်းသီးနှံ ပဲတီစိမ်း ၊ ပဲပုတ် စံပြကွက် စိုက်ပျိုးထားရှိမှုနှင့် နွေစပါး (ဘာစမာတီ) မျိုးစပါး ပျိုးထောင်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး ပြောင်းလဲလာသည့် ရာသီဥတုကို အခြေခံ၍ ဈေးကွက်အလားအလာ‌‌ကောင်းပြီး ဒေသခံတောင်သူများနှင့် လိုက်လျောညီထွေရှိသည့်သီးနှံများရွေးချယ်စိုက်ပျိုးရန်နှင့် တောင်သူများ၏ စိုက်ပျိုးစွမ်းအားကို မြှင့်တင်၍ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာစေရေး ဆောင်ရွက်ပေးရန်၊ ဆောင်းသီးနှံနှင့် နွေစပါးကို တိုးချဲ့စိုက်ပျိုး၍ စိုက်ပျိုးနည်းစနစ်များဖြင့် သီးနှံအထွက်နှုန်းတိုး‌‌တက်‌အောင် ဆောင်ရွက်ရန် များကို လမ်းညွှန်မှာကြားခဲ့ကြောင်း ” တာလေမြို့စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးနေလင်း ထံမှသိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)