ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်းပေါ်တွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွား
Jan 16,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့၊ မြို့မရဲစခန်း အနောက်ဘက် (၂၇) မိုင်ခန့်အကွာ ပင်လည်ဘူး-ဖောင်းပြင်သွား ကားလမ်း၊ ပင်လည်ဘူးမြို့နယ်၊ ညောင်ကုန်းကျေးရွာအုပ်စု၊ ငှောချယ်ကျေးရွာ အနီးတွင် ယမန်နေ့ ညနေ ၆ နာရီခွဲ အချိန်ခန့်က ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်းသေဆုံးပြီး ယာဉ်ပေါ်ပါသူများ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။